လ - ဇူလိုင် 2014

ပူပန်ခြင်းထဲက သင်ခန်းစာ

ရေပါသောဖန်ခွက်ရှည်ကို ကမ်းပေးပြီး ကိုင်ထားပါဟု သူငယ်ချင်းက ပြောသည်။ ကြာကြာ  ကိုင်ထားလေ ပို၍လေးလာလေဖြစ်သည်။ လက် ညောင်းလာသောကြောင့် နောက်ဆုံး ခွက်ကို အောက်ချလိုက်တော့သည်။ “ပူပင်ခြင်းဆိုတာ ဒီလို ခွက်တစ်ခွက်ကို ကိုင်ထားတာနဲ့တူတယ်လို့ ကျွန်မသင်ခန်းစာရခဲ့တယ်။ တစ်ခုခုကိုစိတ်ပူလေ၊ ကြောက်ရွံ့မှုတွေက ကျွန်မကိုပိုပြီး ဖိစီးလေပဲ” ဟု သူငယ်ချင်းက ပြောပြပါသည်။
ဘဝတစ်ခုလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ခဲ့ဖူးသောကြောင့် စိုးရိမ် ပူပန်ခြင်းနှင့်စပ်လျဉ်း၍၊ ဒါဝိဒ်မင်းကြီး ကောင်းစွာ သိသည်။ သားတော် အဗရှလုံသည် ဣသရေလနိုင်ငံသားတို့ကို သူ့ သစ္စာခံဖြစ်အောင် စည်းရုံးသိမ်းသွင်းပြီးနောက် ထီးနန်းလုရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် မည်သူက သူ့အပေါ်သစ္စာရှိပြီး၊ မည်သူက သူ့ကို ပုန်ကန်မည်ဆိုသည်ကို ဒါဝိဒ် မဝေခွဲတတ်တော့ပါ။ ထွက်ပြေး တိမ်းရှောင်ခြင်း သာလျှင် သူ့အတွက် တစ်ခုတည်းသောရွေးချယ်စရာဖြစ်သည်။ “ငါတို့သည် ထ၍ပြေးကြ ကုန်အံ့၊ မပြေးလျှင် အဗရှလုံလက်နှင့်မလွတ်၊ …..…

ဤသူသည် မည်သူနည်း

Kelly Steinhaus သည် ဟားဗတ်တက္ကသိုလ်ရင်ပြင်၌  ကောလိပ် ကျောင်းသား/သူများအား ယေရှုနှင့်ပတ်သက်သည့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို မေးမြန်းခဲ့ရာ ယေရှုကို လေးစားကြောင်း အဖြေများကို ရရှိခဲ့သည်။  “ယေရှုဟာ လူတွေကို ကူညီ စောင့်ရှောက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်” “သူ့ရဲ့ ဟောပြော သွန်သင်ချက်တွေကို နားထောင်ရတာ သိပ် ကောင်းတယ်” ဟုဖြေသည်။ အချို့က “သူက သာမန်လူတစ်ယောက်ပါပဲ၊ ကယ်တင်ရှင်လို့ မထင်ဘူး” ၊ “ငါသည် ဘုရားသခင်ထံ ရောက် နိုင်မည့် တစ်ခုတည်းသောလမ်းပဲဆိုတဲ့ ယုံကြည်မှုသဘောကို လက်မခံပါဘူး” ဟု  ယေရှုအား ဘဝင်မကျသည့်အမြင်ကို ပွင့်လင်းစွာ ထုတ်ဖော်ကြသည်။   ယေရှု မည်သူဖြစ်ကြောင်း သေချာစွာ ဆန်းစစ်အဖြေထုတ်သူများရှိသလို သူ့ကိုလက်မခံနိုင်ကြသူများလည်း ရှိပါ၏။
လွန်ခဲ့သောအနှစ် ၂၀၀၀ က ယေရှုသည် သေခြင်းနှင့်ရင်ဆိုင်ရစဉ် ၎င်း၏ တစ်မူထူးသည့်ပုဂ္ဂိုလ်ဖြစ်ခြင်းကို  လူတို့လှောင်ပြောင်ကဲ့ရဲ့ခဲ့ကြသည်။ “ဤသူ သည် ယုဒရှင်ဘုရင်…